System 286 (On Going) Arc 1.16(မင္႐ွီး)

All chapters are in System 286 (On Going)
A+ A-

Zawgyi

ကယ္ရီမနက္ ေက်ာင္းေရာက္ေတာ့

“ေခြးေကာင္….ေျပာပါအံုး
တစ္ပတ္ေလာက္ခြင့္တိုင္ပီး မင္းဘာေတြလုပ္ေနတာလဲ ” က်န္းခ်န္ ကယ္ရီလည္ပင္းအားခ်ဳပ္ကာေမးလိုက္သည္..။

“အစ္…ေသေတာ့မွာပဲ လႊတ္အံုးေလကြာ..ငါေျပာျပပါ့မယ္….” ကယ္ရီ ထိုငနာေလးအားအေၾကာင္းစံု႐ွင္းျပလိုက္သည္..။

“ဟာ..မင္းအေဒၚကဘယ္လိုႀကီးလဲ…အဲ့လိုေတာ့မလုပ္သင့္ပါဘူး..
ဒါနဲ႔ စီနီယာ ဟန္ယြင္ အိမ္မွာေနရတာဘယ္လိုေနလဲ….မင္းတို႔ႀကိဳက္ေနၾကတာလား..မင္းတို႔ဘယ္အဆင့္ထိေရာက္သြားပီလဲ “

“ဘာေတြေမးေနတာလဲ…..
ေနာက္တစ္ခါ အဲ့လိုမ်ိဳးမေျပာမိေစနဲ႔
အကိုဟန္ယြင္က ငါဒုကၡေရာက္ေနလို႔ ကူညီေပးထားတာ.. မင္းကအဲ့လိုေျပာေတာ့ သူၾကားသြားရင္မေကာင္းဘူးကြ “

“ဒုကၡေရာက္တိုင္းကူညီေနရင္ စီနီယာအိမ္ကအခုဆို ဒုကၡသည္စခန္းေတာင္ျဖစ္ေနေလာက္ပီ..
ငါထင္ရင္လြဲခဲတယ္ေနာ္ မနက္ကလည္းသူမင္းကိုေက်ာင္းလိုက္ပို႔တာ ငါေတြ႕လိုက္တယ္…သူမင္းကိုၾကည့္ေနတဲ့အၾကည့္ေတြကမ႐ိုးဘူးေနာ္ “

“ေတာ္ပီ..မဟုတ္တာေတြမေျပာနဲ႔ ဆရာလာေတာ့မယ္ စာအုပ္ထုတ္ေတာ့ ဒါနဲ႔ အကိုခ်င္းခ်ိဳးေရာ မေရာက္ေသးဘူးလား ”

“ေရာက္တာက ေရာက္ေနေလာက္ပီ…ၾကည့္ရတာပီေကမကိုခြာေနလို႔ၾကာေနတာထင္တယ္ “

“ဟမ္…ပီေကမ?
ဘယ္သူႀကီးတုန္း…ေက်ာင္းသူအသစ္လား “

“ဘယ္သူ႐ွိရမွာလဲ ယူရီေလ “

“ဟမ္…အကိုခ်င္းခ်ိဳးက ယူရီကိုလိုက္ေနတာမဟုတ္ဘူးလား
ဘယ္လိုေၾကာင့္ ယူရီက ပီေကမျဖစ္သြားတာလဲ “

“ငါ႐ွင္းျပမယ္….မင္းခြင့္ယူထားတဲ့တစ္ပတ္အတြင္းမွာကိစၥေတာ္ေတာ္မ်ားမ်ားျဖစ္သြားတယ္ …
တကယ္ေတာ့ အကိုခ်င္းခ်ိဳးက ဝန္ႀကီးခ်ဳပ္ရဲ႕တစ္ဦးတည္းေသာေျမးပဲ…သူ႔အေမက သူေမြးပီးပီးခ်င္းဆံုးသြားတယ္…သူ႔အေဖကလည္း သူအလယ္တန္းေလာက္ကဆံုးသြားတာ သူမ်ားေတြေျပာတာကေတာ့ လုပ္ၾကံခံရတယ္လို႔ေျပာတာပဲ…ထားပါဒါက.
သူ႔အေဖဆံုးသြားပီးတဲ့ေနာက္ပိုင္း သူ႔အဖိုးကပဲသူ႔ကိုေစာက္ေ႐ွာက္ခဲ့တယ္..မိဘႏွစ္ပါးမ႐ွိတဲ့ေနာက္ပိုင္း သူလည္းဆိုးသြမ္းပီး လူမိုက္ေပါက္စလံုးလံုးျဖစ္ေနတာေလ…
အသက္ကငါတို႔ထက္ႀကီးပီး ငါတို႔နဲ႔တစ္တန္းတည္းတက္ေနရတာကိုၾကည့္ေလ.. သူက သူ႔ေနာက္ေၾကာင္းကိုဘယ္သူ႔မွမေျပာဖူးေတာ့ ဝန္ႀကီးခ်ဳပ္ရဲ႕ေျမးဆိုတာ ဘယ္သူမွမသိဘူးေလ “

“အဲ့တာနဲ႔ ပီေကမနဲ႔ဘာဆိုင္လို႔လဲ”

“ငါေျပာေနတုန္းျဖတ္မေျပာနဲ႔ေလကြာ..ေျပာရတာေမာရတဲ့ၾကားထဲ “

“ဟီး..မေျပာေတာ့ဘူး ဆက္ေျပာ ဆက္ေျပာ “

“အထက္ကလူႀကီးပိုင္းေတြလုပ္တဲ့ညစာစားပြဲတစ္ခုမွ အကိုခ်င္းခ်ိဳးက ဝန္ႀကီးခ်ဳပ္ နဲ႔အတူ ပြဲတက္တာ…အဲ့တာကိုဓာတ္ပံုကဘယ္လို႐ိုက္မိတယ္မသိဘူး ေက်ာင္းမွာ အကိုခ်င္းခ်ိဳးက ဝန္ႀကီးခ်ဳပ္ရဲ႕ေျမးပါဆိုပီး နာမည္ႀကီးသြားပါေလေရာ…အရင္ကသူ႔ကို႐ွိတယ္လို႔ေတာင္မထင္တဲ့ယူရီဆိုတဲ့မိန္းမကလည္း ပီေကအတိုင္းပဲလိုက္လိုက္ကပ္ေနတာ တျခားမိန္းကေလးေတြအကိုခ်င္းခ်ိဳးနားကပ္ရင္လည္း သူ႔လူကိုမထိနဲ႔ဆိုတဲ့ပံုစံနဲ႔ ပညာျပတတ္ေသးတယ္ တကယ္လက္လန္တယ္….အကိုခ်င္းခ်ိဳးလည္းစိတ္တိုသြားမွာေပါ့ အရင္တုန္းကအကပ္မခံဘဲနဲ႔ သူဝန္ႀကီးခ်ဳပ္ရဲ႕ေျမးဆိုေတာ့မွလာကပ္ေနေတာ့.. အဲ့တာေၾကာင့္သူနဲ႔ခပ္ခြာခြာေနေနတာ ”

“ေအာ္…အဲဒီလိုကိုး
အကိုခ်င္းခ်ိဳး သနားပါတယ္… ငါမလာတဲ့အေတာအတြင္း ကိစၥအႀကီးႀကီးျဖစ္သြားခဲ့တာပဲ ” ကယ္ရီသက္ျပင္းခ်ရင္းေျပာလိုက္သည္..။

ထိုစဥ္
“မင္းတို႔ဘာေတြေျပာေနၾကတာလဲ ” ခ်င္းခ်ိဳး တစ္ေယာက္ ေရာက္ခ်လာပါေတာ့သည္..။
“မင္း႐ွီး…မင္းလည္းတစ္ပတ္ႀကီးေတာင္ခြင့္ယူထားတာ ဘာလို႔လဲ ေနမေကာင္းလို႔လား…ဟိုေကာင္က်န္းခ်န္ကိုေမးေတာ့လည္းမသိဘူးပဲေျပာေနလို႔ “

“ဟာ..အကိုကလည္း ကြၽန္ေတာ္တကယ္မသိလို႔မသိဘူးေျပာတာေလဗ်ာ ” က်န္းခ်န္ မိမိအျပစ္ကင္းပါသည္ဆိုသည့္ေလသံေလးျဖင့္ေျပာလိုက္သည္..။

“ကြၽန္ေတာ္ေနေကာင္းပါတယ္..မိသားစုကိစၥေလးေၾကာင့္ ခြင္ယူရတာပါ အခုလိုစိတ္ပူေပးတဲ့အတြက္ေက်းဇူးတင္ပါတယ္ “

“အကူညီလိုရင္ေျပာေနာ္ ဘာမွအားနာမေနနဲ႔ “

“ဟုတ္ကဲ့ “

*************

ဟန္ယြင္ စာသင္ေနသည္ကိုလည္း အာရံုမရ…မေန႔ညက မိမိအေဖကဖုန္းဆက္၍ ညေနအိမ္ျပန္လာရန္လွမ္းေခၚထားသည္..။ ၾကည့္ရတာ ဝမ္ဝမ္ေမႊလိုက္ပံုရသည္..။

ညေနေက်ာင္းဆင္းေတာ့ အိမ္ေတာ္အားထြက္လာခဲ့လိုက္သည္..။ မွန္ေၾကာင္ေလးက အခ်ိန္ပိုင္းအလုပ္သြားမည္ဟုဆိုသျဖင့္ ဒ႐ိုင္ဘာအား အလုပ္ဆင္းလ်ွင္ စံအိမ္သို႔ေသခ်ာျပန္ပို႔ရန္မွာထားခဲ့သည္..။

“သားေရာက္လာပီလား…မင္းအေဖနဲ႔ဘာျဖစ္ထားတာလဲ…သူမ်က္ႏွာမေကာင္းဘူး စာၾကည့္ခန္းထဲမွာမင္းကိုေစာင့္ေနတယ္ “

“ဟုတ္..ကြၽန္ေတာ္အေဖဆီသြားလိုအံုးမယ္ေနာ္ ” ဟန္ယြင္အေပၚထပ္စၾကည့္ခန္းသိုတက္လာခဲ့သည္..။

“ေဒါက္..ေဒါက္..ေဒါက္
အေဖ ကြၽန္ေတာ္ ဝင္လာပီေနာ္ “
“ခြမ္း!!!”
ဟန္ယြင္ အခန္းတံခါးဖြင့္ဖြင့္ခ်င္း နံရံကိုလာမွန္ေသာ ဖန္ခြက္တစ္ခြက္…

“မင္းဘာအမွားလုပ္မိလဲဆိုတာမင္သိလား”

“ကြၽန္ေတာ္ဘာအမွားမွမလုပ္မိပါဘူးအေဖ”

“ဘာကြ…မင္းဝမ္ဝမ္ေလးကိုလက္မထပ္ႏိုင္ဘူးလို႔ေျပာလိုက္တယ္ဆို..ငါ့ကိုဂိုဏ္းခ်ဳပ္ကဖုန္းဆက္တယ္ ဝမ္းဝမ္ေလးကငိုပဲငိုေနတယ္တဲ့…မင္းငါ့ကိုေသတြင္းပို႔ေနတာလား ငါတို႔ S group ဆိုတာက Spider ဂိုဏ္းရဲ႕လက္ေအာက္မွာကြ…ဂိုဏ္းခ်ဳပ္သာမေက်နပ္ရင္ ငါတို႔အခ်ိန္မေရြးလမ္းေဘးေရာက္သြားႏိုင္တယ္…မင္းအဲတာေရာသိရဲ႕လား…အခုခ်က္ခ်င္း ဝမ္ဝမ္ကိုသြားေတာင္းပန္ “

“ကြၽန္ေတာ္မလုပ္ႏိုင္ဘူးအေဖ…ကြၽန္ေတာ့္မွာခ်စ္ရတဲ့သူ႐ွိတယ္…သူ႔ကိုပဲလက္ထပ္မယ္..တျခားသူကိုလက္မထပ္ႏိုင္ဘူး “

” မင္းဝမ္ဝမ္ကိုပဲလက္ထပ္ရမယ္..မဟုတ္ရင္ငါ့အဆိုးမဆိုနဲ႔ေနာ္ “

“ဘာလဲ… အေဖကကြၽန္ေတာ့ခ်စ္သူကိုသြားသတ္မလို႔လား…သူ့ကိုထိရင္ ကြၽန္ေတာ္ကၿငိမ္ခံေနမွာေတာ့မဟုတ္ဘူးေနာ္…အေဖတို႔Spiderဂိုဏ္းကလုပ္ထားတဲ့ မူးယစ္ေဆးေရာင္းဝယ္မႈသက္ေသေတြ လက္နက္ေရာင္းဝယ္မႈသက္ေသေတြကြၽန္ေတာ့မွာအကုန္႐ွိတယ္…ေအာ္ေမ့လို႔ လြန္ခဲ့တဲ့ ၇ႏွစ္ကအရာ႐ွိတစ္ေယာက္ကိုလုပ္ၾကံတဲ့သက္ေသလည္း ဟိုတေလာကအသစ္ရထားေသးတယ္ …အဲ့ေတာ့ ဂိုဏ္းခ်ဳပ္ကိုေသခ်ာေျပာလိုက္ပါ…ကြၽန္ေတာ္သူ႔သမီးကိုလက္မထပ္ႏိုင္ဘူး..ကြၽန္ေတာ့မွာခ်စ္သူ႐ွိတယ္လို႔ “

“မင္…မင္း..မင္း..”

“ဒါဆို ကြၽန္ေတာ္သြားေတာ့မယ္ေနာ္…အိမ္မွာကြၽန္ေတာ့ခ်စ္သူေစာင့္ေနလို႔ ”

အဲ့ဒီခ်ိန္ တစ္ဖက္မွာ ကယ္ရီကေကာ္ဖီေဖ်ာ္ေနတုန္း

System: “Hidden mission ေပၚထြက္လာပါပီ..မစ္႐ွင္ကိုေအာင္ျမင္စြာထမ္းေဆာင္ႏိုင္ပါက point 500 ရ႐ွိမွာျဖစ္ပါတယ္ “

“ဘာလဲဟ…Hidden mission နဲ႔ ဒီေကာ္ဖီနဲ႔ဘယ္လိုသက္ဆိုင္ေနတာလဲ…ေကာ္ဖီမႈန္႔ေၾကာင့္လား…ေကာ္ဖီေဖ်ာ္လိုက္တာနဲ႔တန္းပီး Hidden mission ပြင့္လာတယ္…. “

System:[ငါေသသာေသလိုက္ခ်င္ေတာ့တယ္..]
System: ” Hidden mission ေတြကိုေၾကျငာပါမယ္..
ခ်င္းခ်ိဳး အေဖ၏အမႈမွန္ကိုေဖာ္ထုတ္ေပးပါ
မူလမင္႐ွီးနဲ႔အတူေသဆံုးသြားခဲ့ရေသာရန္ပြဲမွလူမ်ား၏အသက္ကိုကယ္တင္ပါ “

“System မင္း မစ္႐ွင္ႀကီးကဘာႀကီးေတြလဲ..ခ်င္းခ်ိဳးရဲ႕အေဖကဆံုးသြားတာၾကာလွေနပီေလ…ငါကဘယ္လိုသက္ေသေတြသြား႐ွာရမွာလဲ..ပီးေတာ့ မူလမင္႐ွီးနဲ႔အတူရန္ပြဲမွာပါခဲ့တဲ့သူေတြကိုငါကဘယ္လိုလုပ္သိမွာလဲ..သိေတာ့ေရာ ရန္မျဖစ္ပါနဲ႔ ရန္မျဖစ္ၾကပါနဲ႔ဆိုပီး ရန္ပြဲမွာသြားေအာ္ေနရမွာလား…ဟိုက႐ိုး႐ိုးရန္ပြဲလဲမဟုတ္ဘူး လက္နက္ေမွာင္ခိုကူးရင္းျဖစ္တဲ့ပြဲေလ မစ္႐ွင္ေတြကိုစဥ္းစဥ္းစားစားလဲေပးပါအံုး ငါကအခုမွ beginner ပဲ႐ွိေသးတယ္ေလ “

System: “အဲ့ေတာ့ ကြၽန္ေတာ္ကေရာ့အင့္ဆိုပီး point ေတြကိုအလကားေပးရမွာလား “

“မင္းေျပာေတာ့ Hidden mission ကမလုပ္လဲရတယ္ဆို…တကယ္ဆိုဒီကမာၻကေနျပန္လို႔ရပီေလ..မင္းေနခိုင္းလို႔ငါကေနတာေလ.. ေနာက္ကမာၻသြားရေအာင္ ငါHidden mission မလုပ္ေတာ့ဘူးေနာ္.”

System: “ဒီစကားကို Host မေန႔ကငါေျပာခဲ့ရင္ ဒီကမာၻကေန ထြက္ခြာလို႔ရပါတယ္..။ဒါေပမယ့္ အခုကမစ္႐ွင္ေပၚလာပီဆိုေတာ့ မစ္႐ွင္ပီးမွထြက္ခြာလို႔ရပါမယ္..မဟုတ္ရင္အျပစ္ေပးခံရပါမယ္ “

“ဘယ္လိုအျပစ္ေပးမွာလဲ point ႏႈတ္မလို႔လား point 200 ေတာင္႐ွိတယ္အကုန္ယူသြား “

System: “မဟုတ္ပါဘူး Host ဝိညာဥ္စြမ္းအားႏႈတ္မွာပါ…ဒီကမာၻမွာတာဝန္ထမ္းေဆာင္ပီးတာနဲ႔ Hostရဲ႕ဝိညာဥ္စြမ္းအားဘယ္ေလာက္႐ွိလဲဆိုတာၾကည့္လို႔ရပါပီ..အဲ့ထဲကမွ မစ္႐ွင္မေအာင္ျမင္ရင္ႏႈတ္မွာပါ…ဂိညာဥ္စြမ္းအားကုန္ခမ္းသြားရင္ Hostမွာျပန္လည္႐ွင္သန္ဖို႔အခြင့္အေရးမ႐ွိေတာ့ပါဘူး ေပ်ာက္ကြယ္သြားမွာပါ…အဲ့တာေၾကာင္မစ္႐ွင္ေတြကိုေအာင္ျမင္ေအာင္ထမ္းေဆာင္ႏိုင္ဖို႔ကအေရးႀကီးပါတယ္ “

“System စုတ္….အဲတာေစာေစာကငါ့ကိုဘာလို႔မေျပာတာလဲ..ဒီလိုမွန္းသိရင္ main mission ပီးတာနဲ႔တန္းထြက္သြားတာေပါ့ “

System: “ကြၽန္ေတာ္က Host point ပိုရေအာင္ေစတနာနဲ႔ေနခိုင္းတာေလ “

“တိတ္စမ္း! “

☄☄☄☄☄☄☄☄☄☄☄☄☄☄☄

AN-တစ္ခါupဖို႔အေရးကို တစ္ကမာၻေလာက္ၾကာသြားတယ္..မီယားနဲ 😅😅
ဇာတ္ေၾကာင္းကအရမ္း႐ွည္ေနလို႔ အတိုခ်ဳပ္ေနရလို႔ပါ
စဥ္းစားထားတဲ့အတိုင္းသာအကုန္ေရးလိုက္ရင္ arc 1တစ္ခုနဲ႔တင္အပိုင္း ၃၀ေက်ာ္သြားလိမ့္မယ္ 😆
မၾကာခင္ Arc 1 ၿပီးေအာင္ႀကိဳးစားသြားပါမယ္ 😌✌
အပ်င္းမႀကီးေတာ့ပါဘူးေနာ္😁😚

☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Unicode

ကယ်ရီမနက် ကျောင်းရောက်တော့

“ခွေးကောင်….ပြောပါအုံး
တစ်ပတ်လောက်ခွင့်တိုင်ပီး မင်းဘာတွေလုပ်နေတာလဲ ” ကျန်းချန် ကယ်ရီလည်ပင်းအားချုပ်ကာမေးလိုက်သည်..။

“အစ်…သေတော့မှာပဲ လွှတ်အုံးလေကွာ..ငါပြောပြပါ့မယ်….” ကယ်ရီ ထိုငနာလေးအားအကြောင်းစုံရှင်းပြလိုက်သည်..။

“ဟာ..မင်းအဒေါ်ကဘယ်လိုကြီးလဲ…အဲ့လိုတော့မလုပ်သင့်ပါဘူး..
ဒါနဲ့ စီနီယာ ဟန်ယွင် အိမ်မှာနေရတာဘယ်လိုနေလဲ….မင်းတို့ကြိုက်နေကြတာလား..မင်းတို့ဘယ်အဆင့်ထိရောက်သွားပီလဲ “

“ဘာတွေမေးနေတာလဲ…..
နောက်တစ်ခါ အဲ့လိုမျိုးမပြောမိစေနဲ့
အကိုဟန်ယွင်က ငါဒုက္ခရောက်နေလို့ ကူညီပေးထားတာ.. မင်းကအဲ့လိုပြောတော့ သူကြားသွားရင်မကောင်းဘူးကွ “

“ဒုက္ခရောက်တိုင်းကူညီနေရင် စီနီယာအိမ်ကအခုဆို ဒုက္ခသည်စခန်းတောင်ဖြစ်နေလောက်ပီ..
ငါထင်ရင်လွဲခဲတယ်နော် မနက်ကလည်းသူမင်းကိုကျောင်းလိုက်ပို့တာ ငါတွေ့လိုက်တယ်…သူမင်းကိုကြည့်နေတဲ့အကြည့်တွေကမရိုးဘူးနော် “

“တော်ပီ..မဟုတ်တာတွေမပြောနဲ့ ဆရာလာတော့မယ် စာအုပ်ထုတ်တော့ ဒါနဲ့ အကိုချင်းချိုးရော မရောက်သေးဘူးလား ”

“ရောက်တာက ရောက်နေလောက်ပီ…ကြည့်ရတာပီကေမကိုခွာနေလို့ကြာနေတာထင်တယ် “

“ဟမ်…ပီကေမ?
ဘယ်သူကြီးတုန်း…ကျောင်းသူအသစ်လား “

“ဘယ်သူရှိရမှာလဲ ယူရီလေ “

“ဟမ်…အကိုချင်းချိုးက ယူရီကိုလိုက်နေတာမဟုတ်ဘူးလား
ဘယ်လိုကြောင့် ယူရီက ပီကေမဖြစ်သွားတာလဲ “

“ငါရှင်းပြမယ်….မင်းခွင့်ယူထားတဲ့တစ်ပတ်အတွင်းမှာကိစ္စတော်တော်များများဖြစ်သွားတယ် …
တကယ်တော့ အကိုချင်းချိုးက ဝန်ကြီးချုပ်ရဲ့တစ်ဦးတည်းသောမြေးပဲ…သူ့အမေက သူမွေးပီးပီးချင်းဆုံးသွားတယ်…သူ့အဖေကလည်း သူအလယ်တန်းလောက်ကဆုံးသွားတာ သူများတွေပြောတာကတော့ လုပ်ကြံခံရတယ်လို့ပြောတာပဲ…ထားပါဒါက.
သူ့အဖေဆုံးသွားပီးတဲ့နောက်ပိုင်း သူ့အဖိုးကပဲသူ့ကိုစောက်ရှောက်ခဲ့တယ်..မိဘနှစ်ပါးမရှိတဲ့နောက်ပိုင်း သူလည်းဆိုးသွမ်းပီး လူမိုက်ပေါက်စလုံးလုံးဖြစ်နေတာလေ…
အသက်ကငါတို့ထက်ကြီးပီး ငါတို့နဲ့တစ်တန်းတည်းတက်နေရတာကိုကြည့်လေ.. သူက သူ့နောက်ကြောင်းကိုဘယ်သူ့မှမပြောဖူးတော့ ဝန်ကြီးချုပ်ရဲ့မြေးဆိုတာ ဘယ်သူမှမသိဘူးလေ “

“အဲ့တာနဲ့ ပီကေမနဲ့ဘာဆိုင်လို့လဲ”

“ငါပြောနေတုန်းဖြတ်မပြောနဲ့လေကွာ..ပြောရတာမောရတဲ့ကြားထဲ “

“ဟီး..မပြောတော့ဘူး ဆက်ပြော ဆက်ပြော “

“အထက်ကလူကြီးပိုင်းတွေလုပ်တဲ့ညစာစားပွဲတစ်ခုမှ အကိုချင်းချိုးက ဝန်ကြီးချုပ် နဲ့အတူ ပွဲတက်တာ…အဲ့တာကိုဓာတ်ပုံကဘယ်လိုရိုက်မိတယ်မသိဘူး ကျောင်းမှာ အကိုချင်းချိုးက ဝန်ကြီးချုပ်ရဲ့မြေးပါဆိုပီး နာမည်ကြီးသွားပါလေရော…အရင်ကသူ့ကိုရှိတယ်လို့တောင်မထင်တဲ့ယူရီဆိုတဲ့မိန်းမကလည်း ပီကေအတိုင်းပဲလိုက်လိုက်ကပ်နေတာ တခြားမိန်းကလေးတွေအကိုချင်းချိုးနားကပ်ရင်လည်း သူ့လူကိုမထိနဲ့ဆိုတဲ့ပုံစံနဲ့ ပညာပြတတ်သေးတယ် တကယ်လက်လန်တယ်….အကိုချင်းချိုးလည်းစိတ်တိုသွားမှာပေါ့ အရင်တုန်းကအကပ်မခံဘဲနဲ့ သူဝန်ကြီးချုပ်ရဲ့မြေးဆိုတော့မှလာကပ်နေတော့.. အဲ့တာကြောင့်သူနဲ့ခပ်ခွာခွာနေနေတာ ”

“အော်…အဲဒီလိုကိုး
အကိုချင်းချိုး သနားပါတယ်… ငါမလာတဲ့အတောအတွင်း ကိစ္စအကြီးကြီးဖြစ်သွားခဲ့တာပဲ ” ကယ်ရီသက်ပြင်းချရင်းပြောလိုက်သည်..။

ထိုစဉ်
“မင်းတို့ဘာတွေပြောနေကြတာလဲ ” ချင်းချိုး တစ်ယောက် ရောက်ချလာပါတော့သည်..။
“မင်းရှီး…မင်းလည်းတစ်ပတ်ကြီးတောင်ခွင့်ယူထားတာ ဘာလို့လဲ နေမကောင်းလို့လား…ဟိုကောင်ကျန်းချန်ကိုမေးတော့လည်းမသိဘူးပဲပြောနေလို့ “

“ဟာ..အကိုကလည်း ကျွန်တော်တကယ်မသိလို့မသိဘူးပြောတာလေဗျာ ” ကျန်းချန် မိမိအပြစ်ကင်းပါသည်ဆိုသည့်လေသံလေးဖြင့်ပြောလိုက်သည်..။

“ကျွန်တော်နေကောင်းပါတယ်..မိသားစုကိစ္စလေးကြောင့် ခွင်ယူရတာပါ အခုလိုစိတ်ပူပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် “

“အကူညီလိုရင်ပြောနော် ဘာမှအားနာမနေနဲ့ “

“ဟုတ်ကဲ့ “

*************

ဟန်ယွင် စာသင်နေသည်ကိုလည်း အာရုံမရ…မနေ့ညက မိမိအဖေကဖုန်းဆက်၍ ညနေအိမ်ပြန်လာရန်လှမ်းခေါ်ထားသည်..။ ကြည့်ရတာ ဝမ်ဝမ်မွှေလိုက်ပုံရသည်..။

ညနေကျောင်းဆင်းတော့ အိမ်တော်အားထွက်လာခဲ့လိုက်သည်..။ မှန်ကြောင်လေးက အချိန်ပိုင်းအလုပ်သွားမည်ဟုဆိုသဖြင့် ဒရိုင်ဘာအား အလုပ်ဆင်းလျှင် စံအိမ်သို့သေချာပြန်ပို့ရန်မှာထားခဲ့သည်..။

“သားရောက်လာပီလား…မင်းအဖေနဲ့ဘာဖြစ်ထားတာလဲ…သူမျက်နှာမကောင်းဘူး စာကြည့်ခန်းထဲမှာမင်းကိုစောင့်နေတယ် “

“ဟုတ်..ကျွန်တော်အဖေဆီသွားလိုက်အုံးမယ်နော် ”
ဟန်ယွင်အပေါ်ထပ်စာကြည့်ခန်းသို့တက်လာခဲ့သည်..

“ဒေါက်..ဒေါက်..ဒေါက်
အဖေ ကျွန်တော် ဝင်လာပီနော် “
“ခွမ်း!!!”
ဟန်ယွင် အခန်းတံခါးဖွင့်ဖွင့်ချင်း နံရံကိုလာမှန်သော ဖန်ခွက်တစ်ခွက်…

“မင်းဘာအမှားလုပ်မိလဲဆိုတာမင်သိလား”

“ကျွန်တော်ဘာအမှားမှမလုပ်မိပါဘူးအဖေ”

“ဘာကွ…မင်းဝမ်ဝမ်လေးကိုလက်မထပ်နိုင်ဘူးလို့ပြောလိုက်တယ်ဆို..ငါ့ကိုဂိုဏ်းချုပ်ကဖုန်းဆက်တယ် ဝမ်ဝမ်လေးကငိုပဲငိုနေတယ်တဲ့…မင်းငါ့ကိုသေတွင်းပို့နေတာလား ငါတို့ S group ဆိုတာက Spider ဂိုဏ်းရဲ့လက်အောက်မှာကွ…ဂိုဏ်းချုပ်သာမကျေနပ်ရင် ငါတို့အချိန်မရွေးလမ်းဘေးရောက်သွားနိုင်တယ်…မင်းအဲတာရောသိရဲ့လား…အခုချက်ချင်း ဝမ်ဝမ်ကိုသွားတောင်းပန် “

“ကျွန်တော်မလုပ်နိုင်ဘူးအဖေ…ကျွန်တော့်မှာချစ်ရတဲ့သူရှိတယ်…သူ့ကိုပဲလက်ထပ်မယ်..တခြားသူကိုလက်မထပ်နိုင်ဘူး “

” မင်းဝမ်ဝမ်ကိုပဲလက်ထပ်ရမယ်..မဟုတ်ရင်ငါ့အဆိုးမဆိုနဲ့နော် “

“ဘာလဲ… အဖေကကျွန်တော့ချစ်သူကိုသွားသတ်မလို့လား…သူ့ကိုထိရင် ကျွန်တော်ကငြိမ်ခံနေမှာတော့မဟုတ်ဘူးနော်…အဖေတို့Spiderဂိုဏ်းကလုပ်ထားတဲ့ မူးယစ်ဆေးရောင်းဝယ်မှုသက်သေတွေ လက်နက်ရောင်းဝယ်မှုသက်သေတွေကျွန်တော့မှာအကုန်ရှိတယ်…အော်မေ့လို့ လွန်ခဲ့တဲ့ ၇နှစ်ကအရာရှိတစ်ယောက်ကိုလုပ်ကြံတဲ့သက်သေလည်း ဟိုတလောကအသစ်ရထားသေးတယ် …အဲ့တော့ ဂိုဏ်းချုပ်ကိုသေချာပြောလိုက်ပါ…ကျွန်တော်သူ့သမီးကိုလက်မထပ်နိုင်ဘူး..ကျွန်တော့မှာချစ်သူရှိတယ်လို့ “

“မင်…မင်း..မင်း..”

“ဒါဆို ကျွန်တော်သွားတော့မယ်နော်…အိမ်မှာကျွန်တော့ချစ်သူစောင့်နေလို့ ”

အဲ့ဒီချိန် တစ်ဖက်မှာ ကယ်ရီကကော်ဖီဖျော်နေတုန်း

System: “Hidden mission ပေါ်ထွက်လာပါပီ..မစ်ရှင်ကိုအောင်မြင်စွာထမ်းဆောင်နိုင်ပါက point 500 ရရှိမှာဖြစ်ပါတယ် “

“ဘာလဲဟ…Hidden mission နဲ့ ဒီကော်ဖီနဲ့ဘယ်လိုသက်ဆိုင်နေတာလဲ…ကော်ဖီမှုန့်ကြောင့်လား…ကော်ဖီဖျော်လိုက်တာနဲ့တန်းပီး Hidden mission ပွင့်လာတယ်…. “

System:[ငါသေသာသေလိုက်ချင်တော့တယ်..]
System: ” Hidden mission တွေကိုကြေငြာပါမယ်..
ချင်းချိုး အဖေ၏အမှုမှန်ကိုဖော်ထုတ်ပေးပါ
မူလမင်ရှီးနဲ့အတူသေဆုံးသွားခဲ့ရသောရန်ပွဲမှလူများ၏အသက်ကိုကယ်တင်ပါ “

“System မင်း မစ်ရှင်ကြီးကဘာကြီးတွေလဲ..ချင်းချိုးရဲ့အဖေကဆုံးသွားတာကြာလှနေပီလေ…ငါကဘယ်လိုသက်သေတွေသွားရှာရမှာလဲ..ပီးတော့ မူလမင်ရှီးနဲ့အတူရန်ပွဲမှာပါခဲ့တဲ့သူတွေကိုငါကဘယ်လိုလုပ်သိမှာလဲ..သိတော့ရော ရန်မဖြစ်ပါနဲ့ ရန်မဖြစ်ကြပါနဲ့ဆိုပီး ရန်ပွဲမှာသွားအော်နေရမှာလား…ဟိုကရိုးရိုးရန်ပွဲလဲမဟုတ်ဘူး လက်နက်မှောင်ခိုကူးရင်းဖြစ်တဲ့ပွဲလေ မစ်ရှင်တွေကိုစဉ်းစဉ်းစားစားလဲပေးပါအုံး ငါကအခုမှ beginner ပဲရှိသေးတယ်လေ “

System: “အဲ့တော့ ကျွန်တော်ကရော့အင့်ဆိုပီး point တွေကိုအလကားပေးရမှာလား “

“မင်းပြောတော့ Hidden mission ကမလုပ်လဲရတယ်ဆို…တကယ်ဆိုဒီကမ္ဘာကနေပြန်လို့ရပီလေ..မင်းနေခိုင်းလို့ငါကနေတာလေ.. နောက်ကမ္ဘာသွားရအောင် ငါHidden mission မလုပ်တော့ဘူးနော်.”

System: “ဒီစကားကို Host မနေ့ကပြောခဲ့ရင် ဒီကမ္ဘာကနေ ထွက်ခွာလို့ရပါတယ်..။ဒါပေမယ့် အခုကမစ်ရှင်ပေါ်လာပီဆိုတော့ မစ်ရှင်ပီးမှထွက်ခွာလို့ရပါမယ်..မဟုတ်ရင်အပြစ်ပေးခံရပါမယ် “

“ဘယ်လိုအပြစ်ပေးမှာလဲ point နှုတ်မလို့လား point 200 တောင်ရှိတယ်အကုန်ယူသွား “

System: “မဟုတ်ပါဘူး Host ဝိညာဉ်စွမ်းအားနှုတ်မှာပါ…ဒီကမ္ဘာမှာတာဝန်ထမ်းဆောင်ပီးတာနဲ့ Hostရဲ့ဝိညာဉ်စွမ်းအားဘယ်လောက်ရှိလဲဆိုတာကြည့်လို့ရပါပီ..အဲ့ထဲကမှ မစ်ရှင်မအောင်မြင်ရင်နှုတ်မှာပါ…ဂိညာဉ်စွမ်းအားကုန်ခမ်းသွားရင် Hostမှာပြန်လည်ရှင်သန်ဖို့အခွင့်အရေးမရှိတော့ပါဘူး ပျောက်ကွယ်သွားမှာပါ…အဲ့တာကြောင်မစ်ရှင်တွေကိုအောင်မြင်အောင်ထမ်းဆောင်နိုင်ဖို့ကအရေးကြီးပါတယ် “

“System စုတ်….အဲတာစောစောကငါ့ကိုဘာလို့မပြောတာလဲ..ဒီလိုမှန်းသိရင် main mission ပီးတာနဲ့တန်းထွက်သွားတာပေါ့ “

System: “ကျွန်တော်က Host point ပိုရအောင်စေတနာနဲ့နေခိုင်းတာလေ “

“တိတ်စမ်း! “

☄☄☄☄☄☄☄☄☄☄☄☄☄☄☄

AN-တစ်ခါupဖို့အရေးကို တစ်ကမ္ဘာလောက်ကြာသွားတယ်..မီယားနဲ 😅😅
ဇာတ်ကြောင်းကအရမ်းရှည်နေလို့ အတိုချုပ်နေရလို့ပါ
စဉ်းစားထားတဲ့အတိုင်းသာအကုန်ရေးလိုက်ရင် arc 1တစ်ခုနဲ့တင်အပိုင်း ၃၀ကျော်သွားလိမ့်မယ် 😆
မကြာခင် Arc 1 ပြီးအောင်ကြိုးစားသွားပါမယ် 😌✌
အပျင်းမကြီးတော့ပါဘူးနော်😁😚

☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Tags: read novel System 286 (On Going) Arc 1.16(မင္႐ွီး), novel System 286 (On Going) Arc 1.16(မင္႐ွီး), read System 286 (On Going) Arc 1.16(မင္႐ွီး) online, System 286 (On Going) Arc 1.16(မင္႐ွီး) chapter, System 286 (On Going) Arc 1.16(မင္႐ွီး) high quality, System 286 (On Going) Arc 1.16(မင္႐ွီး) light novel, ,

Comment

Leave a Reply

Chapter 18